International: ဥရောပ လူငယ်ဘောလုံးသမားဆု Golden Boy ဆန်ခါတင်စာရင်းတွင် ရက်ရှ်ဖို့ဒ်၊ အီဝိုဘီနှင့် အလီတို့ ပါဝင်

, updated

မနှစ်ကတော့ ဥရောပလူငယ်ဘောလုံးသမားဆုကို မန်ယူတိုက်စစ်မှူး မာရှယ်က ရရှိခဲ့တာပါ။

play

 

အကောင်းဆုံး ဥရောပလူငယ်ဘောလုံးသမားဆု Golden Boy Award အတွက် ဆန်ခါတင်စာရင်းမှာ မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ အာဆင်နယ်ကစားသမား အီဝိုဘီတို့ ပါဝင်နေခဲ့ကြောင်းသိရပါတယ်။

play

 

play

 

အရှိန်အဝါကြီးတဲ့ အားကစားဂျာနယ်လစ်တွေ ပူးပေါင်းမဲပေးတဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို တစ်နှစ်တစ်ခါ ရွေးချယ်ပေးတာဖြစ်ပြီး အခု ၂၀၁၅-၁၆ ဘောလုံးရာသီအတွက် ဆန်ခါတင်ကစားသမား ၄၀ ဦးကိုရွေးချယ်ထားတာဖြစ်ပါတယ်။ ဥရောပအသင်းတွေမှာ ကစားနေတဲ့ ခြေစွမ်းတက် လူငယ်ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ် လူငယ်ကစားသမား ၁၀ ဦးအထိ ဒီစာရင်းထဲမှာ ပါဝင်နေပါတယ်။

play

 

ဒါ့အပြင် စပါးအသင်းကစားသမား ဒီးလ်အလီလည်း ဒီစာရင်းထဲမှာ ပါဝင်နေပြီး သူကပြီးခဲ့တဲ့ရာသီမှာ စပါးအသင်းအတွက် ၁၁ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးအသင်းလူငယ်ကစားသမားတွေ သုံးဦးအထိ ဒီစာရင်းမှာ ပါဝင်နေပေမဲ့ ပရိသတ်သိရှိမှု နည်းပါးတဲ့ လူငယ်ကစားမားတွေ ဖြစ်နေပါတယ်။ လော့ဖ်တက်စ်ချိခ်၊ ခရစ္စတန်ဆန်နဲ့ နေသန်တို့ သုံးဦးဖြစ်ပါတယ်။ မန်စီးတီးအသင်းက အဂူရိုမပါနိုင်တဲ့ပွဲတွေမှာ ခြေစွမ်းပြလျက်ရှိတဲ့ အီဟာနာချို၊ လီရွိုင်စိန်းတို့လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်နေပါတယ်။

play

 

မနှစ်ကတော့ ဒီဆုကို မန်ယူအသင်း တိုက်စစ်မှူး မာရှယ်က ရရှိခဲ့တာဖြစ်ပါတယ်။

Source  : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ