Photo Gallery: ၂၀၁၆ အိုလံပစ်ကျေးရွာ မြင်ကွင်းများ

အိုလံပစ်ပြိုင်ပွဲများ ကျင်းပမယ့် ဘရာဇီးကို နိုင်ငံအသီးသီးမှ အားကစားသမားတွေ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

၂၀၁၆ အိုလံပစ်ပြိုင်ပွဲများ ကျင်းပမယ့် ဘရာဇီးကို နိုင်ငံအသီးသီးမှ အားကစားသမားတွေ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ နိုင်ငံအသီးအသီးမှ အားကစားသမားများကို ရီယိုဒီဂျနေရိုမြို့ရှိ ၎င်းတို့ တည်းခိုနေထိုင်ရာ အိုလံပစ်ကျေးရွာမှာ တွေ့ရပါတယ်။

ရီယိုအိုလံပစ်ကျေးရွာမှာ စုစုပေါင်း အဆောက်အအုံ ၃၁ ခု တည်ဆောက်ပါရှိပြီး ကမ္ဘာတစ်ဝန်းမှ အားကစားသမား ၁၇,၀၀၀ ကျော် တည်းခိုနေထိုင်ကြမှာ ဖြစ်ပါတယ်။

အားကစားသမားတွေနဲ့ အိုလံပစ်ဖွင့်ပွဲ အခမ်းအနားမှာ ပါဝင်မယ့် ဒေသခံတွေက ဖွင့်ပွဲအတွက် ကြိတင်ပြင်ဆင် အစမ်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲကို သြဂုတ်လ ၅ ရက်မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

ကြည့်ရှုသူ အများဆုံး

Social Stream