International: ပြင်သစ်အသင်း ရှုံးနိမ့်ပြီးနောက် ဝမ်းနည်းငိုကြွေးခဲ့ကြတဲ့ Wags များ

အိမ်ရှင်ပြင်သစ်အသင်း ရှုံးနိမ့်ပြီးနောက် ဘောလုံးသမားတွေရဲ့ ချစ်သူဇနီးတွေ ငိုကြွေးခဲ့ကြတာပါ။

play

 

ယူရို ချန်ပီယံရှစ် ဗိုလ်လုပွဲကို ပေါ်တူဂီကို အိမ်ရှင်ပြင်သစ်အသင်း ရှုံးနိမ့်ပြီးနောက် ပရိသတ်တွေလိုပဲ ဝမ်းနည်းခဲ့သူတွေက ဘောလုံးသမားတွေရဲ့ မိသားစုဝင်တွေနဲ့ ချစ်သူတွေဖြစ်ပါတယ်။ ပြင်သစ်အသင်း ဘောလုံးသမားတွေရဲ့ ချစ်သူဇနီးတွေ ဝမ်းနည်း ငိုကြွေးခဲ့ကြပုံတွေကို မီဒီယာတွေက ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

play

 

စပါးအသင်း ဂိုးသမားလည်းဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် ဟူဂိုလိုရစ်ရဲ့ ဇနီးသည်နဲ့ သမီးငယ်လေးဆိုရင် ပွဲအပြီးမှာ ပွဲကြည့်စင်ပေါ်က ငိုကြွေးနေခဲ့ပုံတွေဟာ လူပြောများခဲ့တဲ့ အကြောင်းအရာ ဖြစ်ခဲ့ပါသေးတယ်။

play

 

အချိန်ပိုပွဲကစားချိန် ပြီးဆုံးဖို့ နီးကပ်လာတဲ့အခါ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ်လို့ ထင်ခဲ့ကြပေမယ့် ပေါ်တူဂီ တိုက်စစ်မှူး အီဒါရဲ့ မထင်မှတ်တဲ့ သွင်းဂိုးကြောင့် ပြင်သစ် အရေးနိမ့်ခဲ့ရတာပါ။

play

 

ဂိုးသမား ဟူဂိုလိုရစ်နဲ့ နောက်ခံကစားသမား ဆက်ဂ်နာတို့လည်း မျက်ရည်ကျပြီး ကွင်းထဲက ထွက်ခွာသွားခဲ့ရပါတာတွေ့ရပါတယ်။ မန်ယူကစား သမားရှနိုက်ဒါလင်ရဲ့ ချစ်သူလည်း ပြင်သစ်အသင်း ရှုံးနိမ့်မှုကြောင့် ပူဆွေးနေတဲ့ မျက်နှာကို ဟန်မဆောင်နိုင်ခဲ့ပါဘူး။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ