Sports: Je Suis Paris စာတမ်းပါဂျာစီကို ပီအက်စ်ဂျီဝတ်ဆင် ကစားမယ်

ပါရီအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူတွေနဲ့ ပါရီဘက်က အပြည့်အဝရပ်တည်ကြောင်း လှုပ်ရှားမှု တစ်ခု ဖြစ်ပါတယ်။

play

ပါရီအကြမ်းဖက်မှုမှာသေဆုံးခဲ့ရသူတွေဘက်က အပြည့်အဝရပ်တည်ပြီး အကြမ်းဖက်မှုကို ရှုံ့ချတဲ့ အနေနဲ့ Je Suis Paris ဆိုတဲ့စာသားပါ အကျီ င်္ကို ပီအက်စ်ဂျီအသင်းက လာမယ့်ပွဲမှာ ဝင်ဆင်သွားမှာပါ။ လာမယ့်တစ်ပတ်မှာ ပီအက်စ်ဂျီအသင်းက လောရီယန့်အသင်းအိမ်ကွင်းမှာ သွားကစားရမှာ ဖြစ်လို့ ဒီပွဲမှာ ဝင်ဆင်သွားမှာ ဖြစ်ကြောင်း အသင်းကကြေငြာထားပါတယ်။

play

 

ပြင်သစ်လို Je Suis Paris လို့ခေါ်ပြီး ငါတို့သည်ပါရီသားများဖြစ်သည် လို့ အဓိပ္ပါယ်ရပါတယ်။ အရင်တုန်းက ချာလီဟက်ဘ်ဒိုးအကြမ်းဖက်မှုမှာလည်း Je Suis Charlie ဆိုတဲ့ ဆောင်ပုဒ်ကို တကမ္ဘာလုံးကြွေးကြော်ခဲ့ကြ ပါသေးတယ်။ ပါရီအကြမ်းဖက်မှုဖြစ်ပွားခဲ့စဉ်တုန်းက ဥရောပလိဂ်ပွဲစဉ်တွေ ရပ်နားထားတာဖြစ်ပြီး လာမယ့် တစ်ပတ်ပွဲစဉ်တွေက အကြမ်းဖက်ခံရပြီးနောက်ပိုင်း ပထမဆုံးပြန်လည်စတင်တဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။

ပါရီအကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ဂျာမနီနဲ့ နယ်သာလန်ပွဲစဉ်မှာလည်း ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရှိခဲ့လို့ ပွဲဖျက်လိုက်ရပါတယ်။ ပြင်သစ်နိုင်ငံအတွင်းမှာလည်း ပြီးခဲ့တဲ့ တစ်ပတ်လုံး ဘောလုံးပွဲတွေ မကျင်းပ ဖြစ်ခဲ့ပါဘူး။ အချို့သော ပီအက်စ်ဂျီကစားသမားတွေက နိုင်ငံတကာပွဲတွေ ကစားပြီးချိန်မှာ အသင်းနဲ့ လာရောက်ပူးပေါင်းဖို့တောင် ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။

play

ကွင်းလယ်ကစားသမား ပက်စတိုရီ

ပီအက်စ်ဂျီကစားသမား ပက်စတိုရီဆိုရင် အကြမ်းဖက်မှုကြောင့် သူငယ်ချင်းနှစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့ အတွက် အတော်လေး ခံစားနေရကြောင်း ဝန်ခံထားပါတယ်။

Source & Photos : www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ