Sports: မြန်မာနိုင်ငံရဲ့ ပထမဆုံး King Of The Cage ဘောလုံးပြိုင်ပွဲ ချန်ပီယံ ပေါ်ထွက်လာ

အဆိုပါ ပြိုင်ပွဲသည် ပုံမှန် ကွင်းကျယ် ဘောလုံးကစားနည်းများနှင့်မတူဘဲ ကွင်းအရွယ်အစား ရော ဂိုးတိုင်ပါ ကျဉ်းငယ်ပြီး ပွဲကစား ချိန် ၁၅ မိနစ်သာ သတ်မှတ်ထားကာ ပေ ၄၀ ပတ်လည်ခန့်ရှိ လှောင်အိမ်ထဲတွင် ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။

play

 

၂၀၁၆ ခုနှစ် ၊ ဇန်န၀ါရီလ ၂၄ ရက်နေ့က တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်း၌ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ပြုလုပ်သော ကစားသမားတစ်ဖက်ငါးဦးစီဖြင့် ယှဉ်ပြိုင်ကစားရသည့် 2016 Myanmar Football King Of The Cage ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ တွင် Jade One Light (မန္တလေး) အသင်းက Forever Friend FC (ရန်ကုန်) အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး ၃-၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

အဆိုပါ ပြိုင်ပွဲသည် ပုံမှန် ကွင်းကျယ် ဘောလုံးကစားနည်းများနှင့်မတူဘဲ ကွင်းအရွယ်အစားရော ဂိုးတိုင်ပါ ကျဉ်းငယ်ပြီး ပွဲကစား ချိန် ၁၅ မိနစ်သာ သတ်မှတ်ထားကာ ပေ ၄၀ ပတ်လည်ခန့်ရှိ လှောင်အိမ်ထဲတွင် ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။

ဗိုလ်လုပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် မန္တလေးမြို့မှ Jade One Light အသင်းသည် ဆုဖလားနှင့်ဆုကြေးငွေ ကျပ် သိန်း၂၀ ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယရရှိသည့် Forever Friend အသင်းက ဆုကြေးငွေ ကျပ် ၁၀ သိန်း ရရှိခဲ့သည်။ ပူးတွဲ တတိယဆုရှိခဲ့သည့် ပြည့်စုံအသင်းနှင့် Old Service အသင်းတို့က ဆုကြေး ကျပ် ငါးသိန်းစီရရှိခဲ့သည်။ ပြိုင်ပွဲအား အထက်မြန်မာပြည် မန္တလေးမှ ပြိုင်ပွဲဝင် ၁၆ သင်း၊ အောက်မြန်မာပြည် ရန်ကုန်မှ ပြိုင်ပွဲဝင် ၁၆ သင်း တို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

Source: 7 Day Daily

Photo: ဂျေမောင်မောင် (အမရပူရ)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ