Local Sports: အကောင်းဆုံးပြင်ဆင်မယ့် မြန်မာ ယူ ၁၉ အသင်း

မြန်မာ အသင်းဟာ အုပ်စု (ခ)မှာ သြစတြေးလျ၊ထိုင်းတို့နဲ့အတူ ကျရောက်နေတာကြောင့် ခက်ခဲစွာဖြတ်သန်းရဖို့ ရှိနေပါတယ်။

play

 

အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ဖွဲ့စည်း လိုက်တဲ့ မြန်မာ့ယူ-၁၉ အသင်းကို အကောင်းဆုံးပြင်ဆင်သွားမယ်လို့ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောကြားလိုက်ပါတယ်။

ပြင်ဆင်ချိန်ဟာ လေးလလောက်ရပြီး လက်ရွေးစင်အသင်းအတွက် လုံလောက်တဲ့ အချိန်လို့ ပြောလို့ရပေမယ့် ယူ-၁၉ အသင်းက ကလေးတွေကတော့ နိုင်ငံတကာ ပွဲအတွေ့အကြုံနည်းတဲ့ ကလေးတွေဖြစ်နေတယ်လို့လည်း ဦးမျိုးလှိုင်ဝင်းက ပြောကြားပါတယ်။ အများစုဟာ လိဂ်ပြိုင်ပွဲလောက်ပဲ ကစားဖူးသူတွေဖြစ်ပေမဲ့ အကောင်းဆုံး ပြင်ဆင်မှာ ဖြစ်တယ်လို့ ဦးမျိုးလှိုင်ဝင်းက ဆိုပါတယ်။

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက်ကနေ ၂၄ ရက်နေ့ထိ ဗီယမ်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာ အသင်းဟာ အုပ်စု (ခ)မှာ သြစတြေးလျ၊ထိုင်းတို့နဲ့အတူ ကျရောက်နေတာကြောင့် ခက်ခဲစွာဖြတ်သန်းရဖို့ ရှိနေပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ