Local Sports: ကျင်းပတော့မယ့် ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

၂၀၁၆ ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲကို မေလအတွင်းမှာ စတင်ကျင်းပမှာ ဖြစ်ပြီး ပထမဆုံးပြိုင်ပွဲကို နေပြည်တော်မှာ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နဲ့ မြန်မာပီဂျီအေတို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကာလဟာ  မေလကနေ ဒီဇင်ဘာလအထိဖြစ်ပြီး နေပြည်တော်ပွဲစဉ်တွေကိုတော့ မေလ ၁၉ ရက်ကနေ ၂၂ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။ 

ပရော်ဖက်ရှင်နယ်အဆင့်၊ အပျော်တမ်း အမျိုးသားအဆင့် (Handicap 0-12)နဲ့ အမျိုးသမီးအဆင့် (Handicap 0-24 ) ပြိုင်ပွဲတွေ ပါဝင်မှာ ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူတွေဟာ မေ ၁၆ ရက်နေ့ နောက်ဆုံးထား စာရင်းပေးရမှာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲကို ၂၀၁၄ ကနေ စတင်ကျင်းပလာတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ