Local Sports: ဘောလုံးအကယ်ဒမီအတွက် ပုသိမ်မှာ လူရွေးချယ်ပွဲ လုပ်မယ်

အသက် ၁၅ နှစ်အောက် ကျောင်းသားလူငယ်တွေ လာရောက် အရွေးချယ်ခံနိုင်ပါတယ်။

play

 

ဧရာဝတီယူနိုက်တက် ဘောလုံးအကယ်ဒမီအတွက် လူရွေးချယ်ပွဲကို ပုသိမ်မြို့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

ဧရာဝတီလူငယ်အကယ်ဒမီသင်တန်းကျောင်းအတွက် လူရွေးချယ်တာဖြစ်ပြီး အသက် ၁၅ နှစ်အောက် ကျောင်းသားလူငယ်တွေ လာရောက်အရွေးချယ်ခံနိုင်တယ်လို့ သိရပါတယ်။ လူရွေးချယ်ပွဲကို မေလ ၁၁ ရက်နေ့ ပုသိမ်မြို့ကိုးသိန်းအားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး ကျင်းပချိန်ဟာ မနက် ၇ နာရီကနေ စတင်မှာ ဖြစ်ပါတယ်။ လာရောက်ရွေးချယ်မယ့်လူငယ်တွေအနေနဲ့ အိမ်ထောင်စုစာရင်း၊ မွေးစာရင်းနဲ့အတူ ကျောင်းသားဖြစ်ကြောင်း အထောက်အထားပြနိုင်ရမယ်လို့ သိရပါတယ်။

လူဘယ်လောက်ရွေးချယ်မယ်ဆိုတာ မသိသေးဘဲ လာရောက်ရွေးချယ်ခံတဲ့ လူငယ်တွေပေါ်မူတည်မှာ ဖြစ်ပြီး ရွေးချယ်ခံရတဲ့ လူငယ်တွေကို အကယ်ဒမီကပဲ  ကျောင်းဆက်ထားပေးမှာဖြစ်တယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

Source: 7Day Daily
Photos Source: Original Uploader

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ