Local Sports: သပြေညိုနဲ့ဖျံသွေး တွေ့မယ့် ရိုးရာကျားတို့ အားပြိုင်ပွဲ

အလဲထိုးတွေနဲ့ အနိုင်ယူနေတဲ့ ဖျံသွေးအတွက် အစမ်းသပ်ခံရမယ့်ပွဲတစ်ပွဲလည်း ဖြစ်လာပါမယ်။

play

 

ရိုးရားကျားတို့ အားပြိုင်ပွဲ အမည်နဲ့ကျင်းပမယ့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှာ သပြေညိုနဲ့ ဖျံသွေးတို့ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

အဆိုပါပွဲကို ဇွန်လ ၅ ရက်နေ့မှာ   ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး ငါးချီစိန်ခေါ်ပွဲတွေဖြစ်ကာ တွဲဆိုင်း ရှစ်ဆိုင်း ပါဝင်မယ်လို့ သိရပါတယ်။ ရိုးရာကျားတို့အားပြိုင်ပွဲမှာ ပရိသတ်အဓိကအကြိုက်တွေ့မယ့်ပွဲဟာ ၂၀၁၅ MMA ဖယ်သာဝိတ်တန်းချန်ပီယံ သပြေညိုနဲ့ နောက်ပိုင်းပွဲတွေမှာ အလဲထိုးတွေနဲ့ အနိုင်ယူနေတဲ့ ဖျံသွေးတို့ရဲ့ ပွဲဖြစ်တယ်လို့ ပွဲစီစဉ်သူတစ်ဦးက ပြောကြားထားကြောင်း သိရပါတယ်။

play

 

အလဲထိုးတွေနဲ့ အနိုင်ယူနေတဲ့ ဖျံသွေးအတွက် အစမ်းသပ်ခံရမယ့်ပွဲတစ်ပွဲလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သွေးသစ်အောင်နဲ့ စော်ဂေါ်မူတို့ရဲ့ ပွဲဟာလည်း အကြိတ်အနယ်ရှိမယ့် ပွဲတစ်ပွဲဖြစ်လာမယ်လို့ သိရပါတယ်။

Source: 7Day Daily
Photos Source:Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ