Local Sports: မြန်မာနိုင်ငံရဲ့ ပထမဆုံး ပိုက်ကျော်ခြင်းနဲ့ ခြင်းလုံးကျောင်း ယခုနှစ်ကုန်ဖွင့်မယ်

ကျပ်သိန်းငါးထောင်ခန့် အကုန်အကျခံတည်ဆောက်မှာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံရဲ့ ပထမဆုံး ပိုက်ကျော်ခြင်းနဲ့ ခြင်းလုံးသင်တန်းကျောင်းကို အခုနှစ်ကုန်ဖွင့်မယ်လို့ သိရပါတယ်။

7Day Daily ရဲ့ ဖော်ပြချက်အရ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်မှာ ယခုနှစ်ကုန်ဖွင့်လှစ်မှာဖြစ်ပြီး အဆိုပါကျောင်းအတွက် ကျပ်သိန်းငါးထောင်ခန့် အကုန်အကျခံတည်ဆောက်မှာ ဖြစ်ပါတယ်။ တံတားဦးမြို့နယ် ပုလိပ်-စကားအင်းအဝိုင်းပတ်အနီးက မြေလေးဧကမှာ တည်ဆောက်မှာ ဖြစ်ပြီး နိုင်ငံတကာအဆင့်မီသင်တန်းကျောင်းအဖြစ် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

 ရိုးရာခြင်းလုံးအားကစားသမားတွေရှားလာကာ မျိုးဆက်သစ်ကစားသမားတွေ ရရှိဖို့အတွက် ကျောင်းဖွင့်လေ့ကျင့်ပေးတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် အတွင်းရေးမှုး (၁) ဦးဇော်မောင်မောင်မြင့်က ပြောကြားထားပါတယ်။ သင်တန်းကျောင်း ဆောက်လုပ်ပြီးရင် ပထမဆုံး သင်တန်းသား ငါးဆယ်နဲ့ စတင်မယ်လို့ သိရပါတယ်။

Source: 7Day Daily
Photos Source: Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ