Local Sports: ဖီဖာအဖွဲ့ဝင်နိုင်ငံ ၂၀၀ ကျော်ကို ထောက်ပံ့ငွေ တိုးမြှင့်မယ်

မြန်မာနိုင်ငံကလည်း အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အတွက် ဒီနှစ်ကစပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂၅ သန်းရမယ်။

play

 

ဖီဖာအဖွဲ့ဝင်နိုင်ငံ ၂၀၀ ကျော်ကို ထောက်ပံ့ငွေ တိုးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။ ဖီဖာအဖွဲ့ဝင် ၂၀၇ နိုင်ငံကို ၂၀၁၆ ခုနှစ်ကနေ စတင်ကာ ထောက်ပံ့ငွေတိုးမြှင့်ပေးသွားမှာ ဖြစ်ပြီး ဖီဖာလက်အောက်က ဘောလုံးအဖွဲ့ချုပ်တစ်ခုတိုင်းကို ၁.၂၅ သန်း တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဖီဖာရဲ့ ၆၆ ကြိမ်မြောက် ညီလာခံအစည်းအဝေးပွဲကို မက္ကဆီကို နိုင်ငံမှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်တက်ရောက်ခဲ့တဲ့ အတွင်းရေးမှူး ဦးကိုကိုသိန်းက ဖီဖာရဲ့ထောက်ပံ့ကြေးတွေ အခုလို တိုးမြှင့်လိုက်တဲ့အကြောင်း ပြောကြားထားတာ ဖြစ်တယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကလည်း အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အတွက် ဒီနှစ်ကစပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁.၂၅ သန်းရမယ်လို့ ဦးကိုကိုသိန်းက ပြောကြားထားပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ