Local Sports: ၂၀၁၆ ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲ ဇွန်လထဲမှာလုပ်မယ်

ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေက လက်ဝှေ့သမားတွေကိုလည်း ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ဦးစီးကျင်းပမယ့် ၂၀၁၆ ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲကို လာမယ့် ဇွန်လထဲမှာ ရန်ကုန်မြို့က သိမ်ဖြူအားကစားရုံမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီချန်ပီယံလုပွဲမှာ ၀ိတ်တန်း ခုနစ်ခုထည့်သွင်းကျင်းပဖို့ လျာထားပြီး ၅၁ ကီလိုဝိတ်တန်း၊ ၅၄ ကီလိုဝိတ်တန်း၊၅၇ ကီလိုဝိတ်တန်း၊ ၆ဝ ကီလို ဝိတ်တန်း၊၆၃ဒသမ၅ ကီလိုဝိတ်တန်း၊ ၆၇ကီလိုဝိတ်တန်း၊၇၁ ကီလိုဝိတ်တန်းတွေ ပါဝင်မယ်လို့ သိရပြီး ဝိတ်တန်းတစ်ခုကို  ကစားသမား ရှစ်ဦးစီရွေးချယ် ယှဉ်ပြိုင်စေမယ်လို့ သိရပါတယ်။

play

 

ပြိုင်ပွဲကို  ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေက လက်ဝှေ့သမားတွေကိုလည်း ဖိတ်ခေါ်ယှဉ်ပြိုင်ဖို့  စီစဉ်ထားတယ်လို့ သိရပြီး ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ မေ ၂ဝရက် နောက်ဆုံးထားကာ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ကို စာရင်းပေး အကြောင်းကြား ရမယ်လို့ သိရပါတယ်။

play

 

၂ဝ၁၆ ရွှေခါးပတ်ချန်ပီယံလုပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ကို လာမယ့် ဇွန် ၂၅ ရက်နဲ့  ၂၆ ရက်မှာ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၃ရက်နဲ့ ဗိုလ်လုပွဲစဉ်ကို ဇူလိုင် ၁ဝရက်မှာ ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။

Source & Photos : Myanmar Lethwei Fed

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ