Local Sports: မြန်မာအမျိုးသမီးအသင်း တတိယမြောက်ခြေစမ်းပွဲ ရှုံးနိမ့်

ခြေစမ်းပွဲ သုံးပွဲကစားထားရာမှာ နိုင်ပွဲ မရရှိသေးပါဘူး။

play

 

ဂျပန်မှာ သွားရောက်လေ့ကျင့်နေတဲ့ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းဟာ တတိယမြောက်ခြေစမ်းပွဲမှာ ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ ရှီဇိုအိုကာ တက္ကသိုလ်အမျိုးသမီးအသင်းနဲ့ ခြေစမ်းခဲ့တာဖြစ်ပြီး ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အာဆီယံချန်ပီယံရှစ်အတွက် ဂျပန်နိုင်ငံမှာ သွားရောက်လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းဟာ ခြေစမ်းပွဲ သုံးပွဲကစားထားရာမှာ နိုင်ပွဲ မရရှိသေးတာ ဖြစ်ပါတယ်။

play

 

ရှီဇိုအိုကာ တက္ကသိုလ်အမျိုးသမီးအသင်းနဲ့ ခြေစမ်းခဲ့ရာမှာ ပယ်နယ်တီဂိုးနဲ့ ဦးဆောင်ခဲ့ပေမဲ့ တစ်ဖက်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မေ ၁၆ ရက်က တရုတ်တိုင်ပေအသင်းခြေစမ်းခဲ့ရာမှာ နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး  ကာနာဂါဝါ တက္ကသိုလ်အသင်းနဲ့ ခြေစမ်းပွဲမှာလည်း တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

Source: 7Day Daily
Photos Source: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ