Local Sports: ကစားသမား ငါးဦးလျှော့မယ့် မြန်မာ ယူ ၁၉ အသင်း

အသင်းနဲ့အံမဝင်တဲ့ကစားသမား ငါးဦးကို လျှော့ချမှာ ဖြစ်ပါတယ်။

play

 

မြန်မာလက်ရွေးစင် ယူ - ၁၉ အသင်းဟာ ကစားသမား ငါးဦး ထပ်မံ လျှော့ချမယ်လို့ သိရပါတယ်။

ရွေးချယ်ထားတဲ့  ပဏာမကစားသမား ၃၀ ဦးထဲက အသင်းနဲ့အံမဝင်တဲ့ကစားသမား ငါးဦးကို လျှော့ချမှာ ဖြစ်တယ်လို့ အသင်းရဲ့ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောကြားထားတာ ဖြစ်ပါတယ်။ မေလ နောက်ဆုံးပတ်မှာ လျှော့ချမှာ ဖြစ်ပြီး ခြေစွမ်းကောင်းပြီး အသက်မီတဲ့ ကစားသမားတွေရှိရင်လည်း စေလွှတ်ပေးဖို့ ကလပ်အသင်းတွေကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။

 မြန်မာ ယူ-၁၉ အသင်းဟာ အာဆီယံယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်နေတာ ဖြစ်ပြီး မေလ ၉ ရက်က စတင်ကာ ပဏာမကစားသမား အယောက် ၃၀ နဲ့ စတင်လေ့ကျင့်နေတာ ဖြစ်ပါတယ်။ မေ ၁၇ ရက်နေ့က  ရတနာပုံအသင်းနဲ့ ခြေစမ်းကစားခဲ့ရာမှာ ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ထားပြီး ဇွဲကပင်အသင်းနဲ့ ကစားရာမှာတော့ တစ်ဂိုးစီသရေကျထားပါတယ်။

Source: 7Day Daily
Photos Source: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ