Local Sports: အဓိကပြိုင်ဘက်မှာ ထိုင်းဟု မြန်မာ ယူ၁၉ အမျိုးသမီးအသင်း နည်းပြ ပြော

မြန်မာဟာ ခြေစစ်ပွဲ အုပ်စု (ဂ) အဖြစ် ထိုင်း၊ ပါလက်စတိုင်း၊ ကာဂျစ်စတန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

play

 

အာရှယူ ၁၉ အမျိုးသမီးချန်ပီယံရှစ် အုပ်စုတွင်းပြိုင်ပွဲမှာ ထိုင်းဟာ အဓိကပြိုင်ဘက်ဖြစ်တယ်လို့ မြန်မာယူ ၁၉ အမျိုးသမီးအသင်း နည်းပြချုပ်က ပြောကြားလိုက်ပါတယ်။

7 Day Daily ရဲ့ ဖော်ပြချက်အရ ထိုင်းအသင်းဟာ အိမ်ရှင်လည်း ဖြစ်နေပြီး အဓိကယှဉ်ပြိုင်ရမယ့် သဘောရှိနေတယ်လို့ မြန်မာနည်းပြချုပ်  ဦးဝင်းမြင့်သွင်က ပြောကြားထားတာ ဖြစ်ပါတယ်။ မြန်မာဟာ ခြေစစ်ပွဲ အုပ်စု (ဂ) အဖြစ် ထိုင်း၊ ပါလက်စတိုင်း၊ ကာဂျစ်စတန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

ခြေစစ်ပွဲတွေကို အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး အသင်း ၁၈ သင်းပါဝင်ပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ