Local Sports: အနိုင်အရှုံးမပေါ်ခဲ့တဲ့ သွေးသစ်အောင်နဲ့ ဖိုးကေပွဲ

သရေရလဒ်ထွက်ခဲ့ပေမဲ့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တဲ့ အတွက် အားရတယ်လို့ ဖိုးကေက ပြောပါတယ်။

play

 

သွေးသစ်အောင် နဲ့ ဖိုးကေတို့ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲဟာ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၀ ရက်နေ့က မန္တလေးမြို့ အောင်မြေမန္တလာ အားကစားရုံမှာ ကျင်းပခဲ့တာဖြစ်ပြီး အဓိက တွဲဆိုင်းအဖြစ် ၂၀၁၅ MMA လိုက်ဝိတ်တန်းချန်ပီယံ သွေးသစ်အောင်နှင့် ဖိုးကေတို့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။  ပွဲဟာ အကြိတ်အနယ်ရှိခဲ့ပြီး ဖိုးကေက အသာစီးရခဲ့ပေမဲ့ အလဲမထိုးနိုင်တာကြောင့် သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

 ပွဲအတွက် နှစ်လကျော်ကြာ အချိန်ယူပြီး သေချာပြင်ဆင်ခဲ့ကာ သရေရလဒ်ထွက်ခဲ့ပေမဲ့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တဲ့ အတွက် အားရတယ်လို့ ဖိုးကေက ပြောပါတယ်။ ဖိုးကေဟာ တစ်နှစ်အတွင်း လက်ဝှေ့သုံးပွဲသာ ထိုးထားပြီး အခုလို ပွဲနည်းရခြင်းမှာ သက်လုံပိုင်းကို သေချာပြင်ဆင်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Source: 7Day Daily
Photos Source: Kyaw Zin Theik

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ