Local Sports: အမျိုးသမီးကမ္ဘာ့ဖလား ကွင်းလယ်ဒိုင်လူကြီး ပဏာမစာရင်းမှာ ဒေါ်သိန်းသိန်းအေး ပါဝင်

, updated

အာရှတိုက်က ဆယ်ယောက်ရွေးရာမှာ ပါဝင်လာတာဖြစ်ပါတယ်။

play

 

၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တာဝန်ထမ်းဆောင်ရမယ့် ပဏာမကွင်းလယ်ဒိုင်လူကြီးစာရင်းမှာ မြန်မာနိုင်ငံက ဒေါ်သိန်းသိန်းအေး ပါဝင်လာပါတယ်။

အာရှတိုက်မှ အမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး ဆယ်ယောက်ရွေးရာမှာ ဖီဖာအသိအမှတ်ပြုကွင်းလယ်ဒိုင် ဒေါ်သိန်းသိန်းအေး ရွေးချယ်ခံရတာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီက ပြောကြားထားကြောင်း သိရပါတယ်။ အခုစာရင်းဟာ ပဏာမစာရင်းသာဖြစ်ပြီး နောက်ဆုံးအဆင့်မှာ ပါဝင်ဖို့ကို ၂၀၁၉ ဇန်နဝါရီမှာ သိရမှာ ဖြစ်ပါတယ်။

ကြားကာလအတွင်း ပြိုင်ပွဲတွေမှာ တာဝန်ပေးကာ စွမ်းဆောင်ရည်ကို ကြည့်အကဲဖြတ်မှာ ဖြစ်ပြီး သူ့ဘက်ကတော့ အကောင်းဆုံးကြိုးစားမှာ ဖြစ်တယ်လို့ ဒေါ်သိန်းသိန်းအေးက ပြောကြားထားကြောင်း သိရပါတယ်။

မတ်လအတွင်း ပေါ်တူဂီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖိတ်ခေါ်ပြိုင်ပွဲမှာ ဒေါ်သိန်းသိန်းအေးဟာ နယူးဇီလန် - ရုရှားပွဲနဲ့ ဒိန်းမတ် - ဘယ်ဂျီယံပွဲတွေကို တာဝန်ယူပေးခဲ့ပါတယ်။

Photos & Source: 7Day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ