Local Sports: မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ ပြိုင်ပွဲ ကလပ်ပေါင်း နှစ်ဆယ် ဝင်ရောက်ယှဉ်ပြိုင်မယ်

သရေမရှိဘဲ  ငါးချီအထိ အလဲထိုးနိုင်ခြင်းမရှိရင် အမှတ်နဲ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

play

 

ကျင်းပတော့မယ့်  မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ် ချန်ပီယံပြိုင်ပွဲမှာ ကလပ်ပေါင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ဝိတ်တန်းခုနစ်တန်း ထည့်သွင်း ကျင်းပမှာ ဖြစ်ပြီး ဇွန်လ ၂၅  နဲ့၂၆ ရက်နေ့တို့မှာ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဝင်ပြိုင်တဲ့ ကစားသမားဟာ ၅၆ ယောက်ရှိမှာ ဖြစ်ပြီး သရေမရှိဘဲ  ငါးချီအထိ အလဲထိုးနိုင်ခြင်းမရှိရင် အမှတ်နဲ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

play

 

ထိုးချက်များများ ထိုးကာ ပိုထိအောင် ထိုးနိုင်တဲ့သူက အမှတ်ပိုရမှာဖြစ်ပြီး  ဒီပြိုင်ပွဲမှာ အရင်က စိန်ခေါ်ပွဲတွေလို အနားတောင်းခွင့်မပါဘူးလို့လည်း သိရပါတယ်။  ဇူလိုင် ၁၀ ရက်မှာ ဗိုလ်လုပွဲတွေကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos Source:  asiareports, cnn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ