Local Sports: ရန်ကုန်မှာ ဖိတ်ခေါ်စကိတ်စီးပြိုင်ပွဲ လုပ်မယ်

အမေရိကန်နိုင်ငံထုတ် Aggress -ive တန်ဖိုးမြင့် စကိတ်သုံးရန် ချီးမြှင့်မှာ ဖြစ်ပါတယ်။

play

 

 မြန်မာနိုင်ငံစကိတ်စီးအသင်းက ကြီးမှူးကျင်းပပြီး  ပြည်တွင်းဖိတ်ခေါ် စကိတ်စီးပြိုင်ပွဲYangon Inline (roller) ကို ရန်ကုန်မြို့မှာ ပြုလုပ်ဖို့ရှိနေတယ်လို့ သိရပါတယ်။ 

ဇွန်လ ၄ ရက် ကမာရွတ်မြို့နယ် လှည်းတန်းခုံးတံတား အောက်မှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားအနေနဲ့ In-line Jam Session တစ်မျိုးတည်းသာ ကျင်းပမှာ ဖြစ်ပါတယ်။ ဆုရတဲ့သူတွေကို အမေရိကန်နိုင်ငံထုတ် Aggressive -ive တန်ဖိုးမြင့် စကိတ်သုံးရန် ချီးမြှင့်မှာ ဖြစ်ပြီး  စကိတ်စီး ကစားသမားတွေ ပေါ်ထွက်လာဖို့နဲ့ ကစားသမားတွေ ပြိုင်ပွဲအတွေ့အကြုံကောင်းတွေ ရရှိစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

အလွတ်တန်းပြိုင်ပွဲဖြစ်ကာ ကစားသမားအရေအတွက် ကန့်သတ်ခြင်းမရှိဘဲ ညနေ သုံးနာရီမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Photos & Soure: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ