Local Sports: လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲမှာ မြန်မာနဲ့စင်ကာပူ ပွဲဦးထွက်တွေ့ဆုံ

ချန်ပီယံအသင်းကို အမေရိကန်ဒေါ်လာ ၂၀၀၀၀ ချီးမြှင့်မှာပါ။

play
လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း။

 

လာမယ့် ဇွန်လ ၃ ရက်နေ့မှာ စတင်ကျင်းပမယ့် AYA Bank Cup 2016 လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ အိမ်ရှင်မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းက စင်ကာပူအသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းမှာ ကျင်းပမယ့် ဒီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို အိမ်ရှင် မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ဟောင်ကောင်၊ စင်ကာပူနဲ့ ဗီယက်နမ်လက်ရွေးစင် အသင်းတွေဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

play

 

ဇွန်လ ၃ရက်နေ့ ညနေ ၃ နာရီမှာ ဗီယက်နမ်နဲ့ ဟောင်ကောင်အသင်းတို့က ပထမပွဲစဉ်ကစားကြမှာဖြစ်ပြီး အိမ်ရှင်မြန်မာနဲ့ စင်ကာပူအသင်းတို့ကတော့ ညနေ ၆ နာရီမှာ ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားကြမယ်လို့ သိရပါတယ်။

ဆီမီးဖိုင်နယ် အဆင့်ကနေ စတင်ယှဉ်ပြိုင်ရမယ့် ဒီပြိုင်ပွဲမှာအနိုင်ရတဲ့ အသင်းနှစ်သင်းက ဗိုလ်လုပွဲတက်ရောက်မှာဖြစ်ပြီး ကျန်နှစ်သင်းက တတိယလုပွဲ ကစားရမှာပါ။

play

 

ဗိုလ်လုပွဲနဲ့ တတိယလုပွဲတွေကို ဇွန်လ ၆ ရက်နေ့မှာ ကစားရမှာဖြစ်ပြီး ဆုကြေးငွေ အနေနဲ့ ချန်ပီယံအသင်းကို အမေရိကန်ဒေါ်လာ ၂၀၀၀၀၊ ဒုတိယရတဲ့အသင်းကို အမေရိကန် ဒေါ်လာ ၁၀၀၀၀နဲ့  တတိယရ အသင်းကို အမေရိကန် ဒေါ်လာ ၅၀၀၀ ချီးမြှင့်မယ်လို့ ဆိုပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ