Local Sports: စင်္ကာပူအသင်းကို နိုင်ဖို့ ယုံကြည်တယ်ဆိုတဲ့ ဂတ်ဖရိုင်းဒရစ်

တိုက်စစ်မှူးတွေ ဂိုးပေါက်တွေ့ဖို့လည်း ပြင်ဆင်လေ့ကျင့်ထားတယ်။

play

 

စင်္ကာပူအသင်းကို နိုင်ဖို့ ယုံကြည်တယ်လို့ နည်းပြချုပ်ဂတ်ဖရိုင်းဒရစ်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂ ရက်က ပြုလုပ်ခဲ့တဲ့ အကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး စင်္ကာပူမှာ ခြေစမ်းခဲ့စဉ်တုန်းကလည်း မြန်မာအသင်းက အသာစီးရပေမဲ့ အနိုင်မရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်စစ်မှူးတွေ ဂိုးပေါက်တွေ့ဖို့လည်း ပြင်ဆင်လေ့ကျင့်ထားပြီး အဆုံးသတ် ရလဒ်ကောင်းတွေ ရဖို့ ကြိုးစားသွားမယ်လို့လည်း ဂတ်ဖရိုင်းဒရစ်ကပြောကြားထားပါတယ်။ လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအဖြစ်  ဒီနေ့ညနေ ခြောက်နာရီမှာ မြန်မာနဲ့ စင်္ကာပူတို့ဟာ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ နောက်ဆုံးတွေ့ဆုံထားတဲ့ သုံးပွဲမှာ သုံးပွဲစလုံး အနိုင်ရထားတာကြောင့် အဆိုပါရလဒ်ကောင်းကိုထိန်းသိမ်းဖို့ အကောင်းဆုံးလူစာရင်းနဲ့ ရင်ဆိုင်မှာဖြစ်ကြောင်း စင်္ကာပူအသင်း နည်းပြကလည်း ပြောကြားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ