Local Sports: အဆုံးသတ်မသေချာလို့ မြန်မာအသင်း ဗိုလ်လုပွဲနဲ့လွဲ

ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမယ့် ထိရောက်သေချာတဲ့ ဂိုးကန်သွင်းခွင့် မဖန်တီးနိုင်ခဲ့ပါဘူး။

play

 

အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအကြို ခြေသွေးပွဲအနေနဲ့ ကျင်းပနေတဲ့ AYA Bank Cup 2016 ပွဲမှာ မြန်မာအသင်းလက်ရွေးစင်အသင်းက စင်ကာပူအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ ပြီးဗိုလ်လုပွဲတက်ရောက်ခွင့်ကို လက်လွှတ်ခဲ့ရပါတယ်။

play

 

မြန်မာအသင်းက ပွဲစကတည်းက စင်ကာပူအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး ထိရောက်သေချာတဲ့ ဂိုးကန်သွင်းခွင့် မဖန်တီးနိုင်ခဲ့တဲ့အပြင် ပွဲချိန် ၃၄ မိနစ်မှာ စင်ကာပူအသင်းက ရမ်မလီက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဦးဆောင်ဂိုးရခဲ့ယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဆက်လက်ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် အဆုံးသတ် မသေချာခဲ့တာကြောင့် ချေပဂိုးမသွင်းနိုင်ခဲ့ဘဲ ဗိုလ်လုပွဲတက်ရောက်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။

play

 

မြန်မာအသင်းနည်းပြ ဂတ်ဆီဇီကတော့ ခံစစ်အားနည်းတာကြောင့်ရှုံးနိမ့်ခဲ့တာလို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပြီး ဒီနေ့ပွဲကို ကျေနပ်အားရမှု မရှိဘူးလို့ ပြောခဲ့ပါတယ်။

နိုင်ပွဲရခဲ့တဲ့ စင်ကာပူအသင်းက လာမယ့် ဇွန်လ ၆ ရက်မှာ AYA Bank Cup ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး မြန်မာအသင်းကတော့ ဟောင်ကောင်အသင်းနဲ့ တတိယလုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Source : MFF

Photos : Myanmar Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ