Local Sports: မြန်မာနဲ့ခြေစမ်းမယ့် တောင်ကိုရီးယားအသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားတွေ ပါဝင်

ဒီနေ့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

play

 

မြန်မာအမျိုးသမီးအသင်းနဲ့ ခြေစမ်းမယ့် တောင်ကိုရီးယားအသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လက်ရွေးစင်ခြောက်ဦး ပါဝင်လာမယ်လို့ သိရပါတယ်။

 ပြီးခဲ့တဲ့ ၂၀၁၅ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခဲ့တဲ့ ကစားသမားခြောက်ဦး ပါဝင်မှာ ဖြစ်ပြီး တောင်ကိုရီးယားအသင်းမှာ လူငယ်ကစားတွေနဲ့လည်း စုဖွဲ့ထားတာ ဖြစ်ပါတယ်။ ဇွန်လ ၄ ရက် ဖြစ်တဲ့ ဒီနေ့မှာ မြန်မာနဲ့တောင်ကိုရီးယား အမျိုးသမီးအသင်းတို့ဟာ သုဝဏ္ဏကွင်းမှာ ခြေစမ်းပွဲကစားမှာ ဖြစ်ပါတယ်။

 မြန်မာအသင်းဟာ ခံစစ်ပိုင်း ပြဿနာရှိနေတာကြောင့် ဒီလိုကမ္ဘာ့အဆင့်အသင်းတွေနဲ့ ခြေစမ်းရတာဟာ အကျိုးရလဒ်အများကြီးရှိမှာ ဖြစ်တယ်လို့ မြန်မာအမျိုးသမီးအသင်းရဲ့ နည်းပြ ရော်ဂျာက ပြောကြားထားပါတယ်။

Source: 7Day Daily
Photos Source: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ