Local Sports: ကမ္ဘာ့အဆင့် ခြောက်ဆင့် မြင့်တက်သွားတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း

ယခင်လက ကမ္ဘာ့အဆင့် ၁၆၇ ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းဟာ ယခင်လထက် အဆင့်ခြောက်ဆင့် မြင့်တက်သွားတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဇွန်လအတွက် ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မြန်မာအသင်းဟာ အဆင့်ခြောက်ဆင့် မြင့်တက်ပြီး အဆင့် ၁၆၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ယခင်လက ကမ္ဘာ့အဆင့် ၁၆၇ ရရှိခဲ့ရာက အခုလို ၁၆၁ ထိရောက်ရှိလာတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းအသင်းဟာ ကမ္ဘာ့အဆင့် ၁၁၇ နဲ့ ဦးဆောင်နေပြီး၊ ဖိလစ်ပိုင်က ၁၂၀၊ ဗီယမ်နမ်က ၁၃၃၊ စင်္ကာပူ ၁၄၉ ၊ မလေးရှားသင်းက ၁၇၃၊ လာအိုက ၁၇၄၊ တီမောက ၁၇၇ ၊ ကမ္ဘောဒီးယားက ၁၈၄၊ အင်ဒိုနီးရှားက ၁၈၇ နဲ့ ဘရူနိုင်းက ၁၉၇ တို့ ရရှိထားတာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos Source: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ