Local Sports: စင်ကာပူနဲ့ပွဲမှာ ကျပ် ၂၄ သိန်းဖိုး ဖျက်ဆီးခံခဲ့ရ

, updated

ရေသန့်ဘူး၊ အရက်ပုလင်းအပါအဝင် အခြားအရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။

play

 

ဇွန်လ ၃ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ AYA Bank Cup လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ၊ မြန်မာ-စင်ကာပူပွဲစဉ်မှာ ဆိုးသွမ်းပရိသတ်တွေရဲ့ ဖျက်ဆီးမှုကြောင့် ထိုင်ခုံ ၈၂ လုံး ပျက်စီးသွားခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ ထိုင်ခုံတွေကို ၄ ရက်နေ့မှာ ပြုပြင်ခဲ့ရပြီး တန်ဖိုးငွေကျပ် ၂၄ သိန်းခန့် ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ကြေညာထားပါတယ်။

play
play

 

ယင်းပွဲစဉ်မှာ စင်ကာပူအသင်းက မြန်မာအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရသွားခဲ့ပြီး ရလဒ်ကို မကျေနပ်တဲ့ ပရိသတ်အချို့က ကွင်းထဲက ထိုင်ခုံတွေကို ဖျက်ဆီးခဲ့ကြတာပါ။ ပွဲအပြီးမှာလည်း ကွင်းထဲကို ရေသန့်ဘူး၊ အရက်ပုလင်းအပါအဝင် အခြားအရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။

Source & Photo : MFF Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ