Local Sports: အာဆီယံအမျိုးသမီး ယူ ၁၄ ပြိုင်ပွဲမှာ ဖိလစ်ပိုင်ကို မြန်မာ ဂိုးပြတ်ရှုံး

ဗီယမ်နမ်အသင်းနဲ့ တတိယ လုရမှာ ဖြစ်ပါတယ်။

play

 

အာဆီယံ ယူ-၁၄ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းဟာ ဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲခဲ့ရပါတယ်။

play

 

ဇွန် ၄ ရက်နေ့က ကစားခဲ့တဲ့ အဆိုပါပွဲမှာ နောက်တန်းအားနည်းချက်ကြောင့် ဦးဆောင်ဂိုးတွေပေးရကာ ၅-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုပထမနဲ့ ဆီးမီးတက်ရောက်ခဲ့တာ ဖြစ်ပေမဲ့ ဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အိမ်ရှင်ဗီယမ်နမ်အသင်းနဲ့ တတိယလုရတော့မှာ ဖြစ်ပါတယ်။

ဆီးမီးဖိုင်နယ်အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဗီယမ်နမ်နဲ့ ထိုင်းအသင်းတို့ရဲ့ ပွဲမှာ ထိုင်းအသင်းဟာ အိမ်ရှင်ဗီယမ်နမ်ကို အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲတက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲတွေကို ဇွန် (၅) ရက် (ယနေ့)ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။

Source: 7Day Daily
Photos Source: MFF, MRTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ