Local Sports: တိုင်းနဲ့ပြည်နယ် အားကစားပွဲတွေ ရန်ကုန်မှာ ကျင်းပမယ်

ဝင်ရောက် ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ သက်ဆိုင်ရာ မြို့နယ်နဲ့ ပြည်နယ်တွေက အားကစားနှင့်ကာယပညာဦးစီးဌာနတွေမှာ ၀င်ခွင့်လျှောက်လွှာတွေ ထုတ်ယူရပါမယ်။

play

 

တိုင်းနဲ့ပြည်နယ်အားကစားပြိုင်ပွဲတွေကို ရန်ကုန်နဲ့နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားကစားပြိုင်ပွဲတွေကို ဇူလိုင်လကနေ အောက်တိုဘာလအထိ လအလိုက် ပြိုင်ပွဲတွေ ခွဲခြားကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပြီး နိုင်ငံလက်ရွေးစင်ကစားသမားတွေ ထွက်ပေါ်လာဖို့ ရည်ရွယ်ထားတယ်လို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ  တစ်ဦးကပြောထားကြောင်း သိရပါတယ်။

 အားကစားပြိုင်ပွဲတွေအဖြစ် ဇူလိုင်မှာ ဘိလိယက်နဲ့ စနူကာ၊ စစ်တုရင်၊ ဘော်လီဘောနဲ့ ဗိုဗီနမ်၊ သြဂုတ်မှာ ကြက်တောင်၊ ဘောလုံး၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ သိုင်း၊ ရိုးရာလက်ဝှေ့၊ စက်တင်ဘာမှာ ဘတ်စကတ်ဘော၊ လက်ဝှေ့၊ ကရာတေးဒို၊ လှေလှော်၊ ပြေးခုန်ပစ် (ယူ-၁၈)၊ အလေးမနဲ့ ၀ူရှူး၊ အောက်တိုဘာမှာ ခြင်းလုံး၊ ဟော်ကီ၊ ဂေါက်သီး၊ သေနတ်ပစ်၊ စားပွဲ တင် တင်းနစ်၊ တင်းနစ်၊ အမျိုး သမီး ကိုယ်ကာယကြံ့ခိုင်မှု၊ ပြေး ခုန်ပစ်နဲ့ နပန်းပြိုင်ပွဲတွေ ပါဝင်မှာ ဖြစ်ပါတယ်။ 

ဝင်ရောက် ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ သက်ဆိုင်ရာ မြို့နယ်နဲ့ ပြည်နယ်တွေက အားကစားနှင့်ကာယပညာဦးစီးဌာနတွေမှာ ၀င်ခွင့်လျှောက်လွှာတွေ ထုတ်ယူရမယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ