Local Sports: ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးထားတယ်လို့ ဂတ်ဖရိုင်းဒရစ်ပြော

နိုင်လိုစိတ်ပြင်းပြပြီး ကြိုးစားအားထုတ်မှုကလည်း သံသယရှိစရာမလိုပါဘူး။

play

 

ဟောင်ကောင်နဲ့ကစားမယ့်ပွဲအတွက် ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးထားတယ်လို့ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောကြားထားကြောင်း သိရပါတယ်။

တတိယနေရာလုပွဲအတွက် စိတ်ဓာတ်မြှင့်တင်ပေးထားကြောင်းနဲ့ ကစားသမားတွေဟာ နိုင်လိုစိတ်ပြင်းပြပြီး ကြိုးစားအားထုတ်မှုကလည်း သံသယရှိစရာမလိုဘူးလို့ ဂတ်ဖရိုင်းဒရစ်က ဆိုပါတယ်။ ဟောင်ကောင်အသင်းနဲ့ လေးနိုင်ငံဖိတ်ခေါ်ဖလား တတိယလုပွဲကို ဒီနေ့ (ဇွန် ၆ ရက်) ညနေ ၃ နာရီမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

play

 

လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ပထမဆုကို အမေရိကန်ဒေါ်လာ နှစ်သောင်း၊ ဒုတိယဆုကို အမေရိကန်ဒေါ်လာ တစ်သောင်းနဲ့ တတိယဆုကို ဒေါ်လာ ငါးထောင် ချီးမြှင့်မှာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos Source: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ