Local Sports: ဟောင်ကောင်ကို ဂိုးပြတ်သွင်းပြီး မြန်မာအသင်းအနိုင်ရ

, updated

ပထမပိုင်းမှာ တစ်ဂိုး၊ ဒုတိယပိုင်းမှာ နှစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။

play

 

ဒီကနေ့ နေ့လယ်ပိုင်း ကစားခဲ့တဲ့ AYA Bank Cup ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အသင်းက ဟောင်ကောင်အသင်းကို သုံးဂိုးပြတ်သွင်းပြီး တတိယနေရာရသွားပါပြီ။

play

 

မြန်မာအသင်းဟာ ဟောင်ကောင်အသင်းကို ပထမပိုင်းမှာ ဦးဆောင်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဆက်လက်ဖိအားပေး ကစားခဲ့တာပါ။ ပထမပိုင်းပွဲကစားချိန် ၂၂ မိနစ်မှာ ရဲကိုဦးထိုးပေးလိုက်တဲ့ ဘောလုံးကို သန်းပိုင်က အပြင်းကန်သွင်းကာ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန် ၇၄ မိနစ်မှာ မောင်မောင်လွင်က တစ်ဂိုးသွင်းယူခဲ့ပြီး ပွဲပြီးဖို့ တစ်မိနစ်အလို ပွဲကစားချိန် ၈၉ မိနစ်မှာ ရဲကိုဦးက အနိမ့်ဘောတစ်ဂိုးထပ်သွင်းခဲ့ကာ မြန်မာအသင်းကို အနိုင်ရလဒ်နဲ့ အဆုံးသတ်ပေးခဲ့ပါတယ်။

play

 

AYA Bank Cup 2016 ကို လေးနိုင်ငံ ဖိတ်ခေါ်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဟောင်ကောင်အသင်းနဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့စဉ်က ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ယခုပွဲမှာလည်း လက်စွမ်းကောင်းတဲ့ တစ်ဖက်ဂိုးသမားကို ကျော်ဖြတ်ကာ AYA Bank Cup ရဲ့ တတိယနေရာကို ရယူနိုင်ခဲ့ပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ