Local Sports: ဆူဇူကီးပွဲမတိုင်မီ ခြေစွမ်းပိုကောင်းလာမယ်လို့ ဂတ်ဖရိုင်းဒရစ်ပြော

, updated

ဆူဇူကီးဖလားမှာ ဗီယက်နမ်လိုအင်အားကြီး အသင်းတွေကို ကောင်းကောင်းယှဉ်ပြိုင်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

play

 

ဆူဇူကီးဖလားမတိုင်မီ မြန်မာအသင်းရဲ့ ခြေစွမ်းဟာ ပိုမိုတိုးတက်လာမယ်လို့ လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောကြားထားပါတယ်။

လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ တတိယနေရာရပေမဲ့ မြန်မာဘောလုံးအသင်းအနေနဲ့ ဆူဇူကီးဖလားမတိုင်မီ လက်ရှိခြေစွမ်းထက် ပိုမိုတိုးတက်လာဖို့ ယုံကြည်ထားတယ်လို့ နည်းပြချုပ်ဂတ်ဖရိုင်းဒရစ်က ပြောကြားထားတာ ဖြစ်ပါတယ်။ အသင်းရဲ့ လက်ရှိခြေစွမ်းကို ထိန်းထားနိုင်မယ်ဆိုရင် ဆူဇူကီးဖလားမှာ ဗီယက်နမ်လိုအင်အားကြီး အသင်းတွေကို ကောင်းကောင်းယှဉ်ပြိုင်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆူဇူကီးမတိုင်မီ ဥရောပနဲ့ကာတာမှာလည်း သွားရောက်ယှဉ်ပြိုင်ဖို့စီစဉ်ထားပြီး ဒီ့ထက်တိုးတက်လာမှာ ဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

 Source: 7Day Daily
Photos Source: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ