Local Sports: မြန်မာအမျိုးသမီးအသင်း နဲ့ ထိုင်းအသင်း မန္တလေးမှာ ခြေစမ်းမယ်

ဇူလိုင် ၉ ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။

play

 

 ဇူလိုင်လမှာ မြန်မာအမျိုးသမီးအသင်းနဲ့ ထိုင်းအမျိုးသမီးအသင်းတို့ဟာ မန္တလေးမြို့မှာ ခြေစမ်းပွဲကစားမယ်လို့ သိရပါတယ်။

 ၂၀၁၆ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အကြိုအနေနဲ့   မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ ဇူလိုင် ၉ ရက်နေ့မှာ ကစားမှာဖြစ်ပါတယ်။ ထိုင်းနဲ့ ခြေစမ်းပွဲဟာ အာဆီယံပြိုင်ပွဲဝင်ဖို့ မြန်မာအသင်းရဲ့ နောက်ဆုံးခြေစမ်းပွဲ ဖြစ်ပြီး ယခုလအတွင်း တောင်ကိုရီးယားအသင်းနဲ့ ခြေစမ်းပွဲ နှစ်ပွဲကစားရာမှာ နှစ်ပွဲစလုံးရှုံးနိမ့်ထားပါတယ်။

 နယ်သာလန်နိုင်ငံသား နည်းပြချုပ် ရော်ဂျာ လက်ထက်မှာ မြန်မာအမျိုးသမီးအသင်းဟာ နိုင်ပွဲရရှိထားခြင်းမရှိသေးဘဲ ငါးပွဲရှုံးပြီး နှစ်ပွဲသရေကျထားပါတယ်။

Source: 7Day Daily
Photos Source: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ