Local Sports: အာရှ ယူ - ၁၉ အမျိုးသမီး ခြေစစ်ပွဲတွင် မြန်မာအသင်း ထိုင်းနဲ့ တစ်အုပ်စုတည်းကျ

ထိုင်းနိုင်ငံမှာ ခြေစစ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

play

 

အာရှယူ ၁၉ အမျိုးသမီးခြေစစ်ပွဲအတွက် အုပ်စုပွဲစဉ်တွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စု (ဂ) မှာ ထိုင်း၊ ပါလက်စတိုင်း၊ ကာဂျစ္စတန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွေကို အခုနှစ် အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၆ ရက်ထိ ပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာပါဝင်နေတဲ့ အုပ်စု (ဂ) ရဲ့ ခြေစစ်ပွဲစဉ်တွေကိုတော့ နိုဝင်ဘာ ၂ ရက်မှ ၆ ရက်ထိ ထိုင်းနိုင်ငံမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

 ၂၀၁၇ အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ထိုင်းအမျိုးသမီးအသင်းနဲ့ နောက်လ ၉ ရက်နေ့မှာလည်း ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။

Photos & Source: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ