Local Sports: မနက်ဖြန်ပွဲမှာ ရတနာပုံကို ရှုံးကြွေးဆပ်မယ်လို့ ကြည်လင်းပြော

မနက်ဖြန် ၃ နာရီ ၃၀ ရန်ကုန်ယူနိုက်တက် အိမ်ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

play

 

မနက်ဖြန်ကစားမယ့် ရတနာပုံနဲ့ပွဲမှာ ရှုံးကြွေးဆပ်မယ်လို့ ရန်ကုန်ယူနိုက်တက် ကစားသမား ကြည်လင်းက ပြောကြားလိုက်ပါတယ်။ ရန်ကုန်ယူနိုက်တက်ဟာ ရတနာပုံအသင်းကို ပထမအကျော့မှာ ၃ -၂ ဂိုးနဲ့ရှုံးနိမ့်ထားတာဖြစ်ပြီး ဒုတိယအကျော့အနေနဲ့ မနက်ဖြန် ရန်ကုန်ကွင်းမှာ ကစားမှာ ဖြစ်ပါတယ်။

ပထမ အကျော့ မှာ ၃-၂ ဂိုး ရှုံးနိမ့် ခဲ့တဲ့ ရှုံးကြွေးကို ရန်ကုန် ကွင်းမှာ ပြန်ဆပ်နိုင်အောင် အကောင်းဆုံး ကြိုးစားမှာ ဖြစ်ပြီး လက်ရှိမှာ ရန်ကုန်ဟာ အသင်းလိုက် စုစည်းမှု အားကောင်းနေတဲ့အသင်း ဖြစ်တယ်လို့ ကြည်လင်းက ပြောကြားထားကြောင်း ရန်ကုန်ယူနိုက်တက်အသင်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

လေ့ကျင့်မှုလည်း သေချာလုပ်ထားပြီး အိမ်ကွင်းအားသာချက်နဲ့ အနိုင်ရရှိအောင်ကြိုးစားမယ်လို့လည်း ကြည်လင်းက ပြောထားပါတယ်။  မနက်ဖြန် ၃ နာရီ ၃၀ မှာ  ရန်ကုန်ယူနိုက်တက်နဲ့ ရတနာပုံတို့ရဲ့ပွဲကို ရန်ကုန်ယူနိုက်တက်အိမ်ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Photos & Source: YUFC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ