Local Sports: ဇွန်လကုန်မှာ ပြန်ကစားမယ့် ငြိမ်းချမ်းအောင်

, updated

ကစားတဲ့အနေအထားကို ကြည့်ပြီး နောက်သုံးလကြာရင် ထိုင်းမှာ ပြန်စစ်ဆေးရမယ်လို့လည်း ပြောကြားထားပါတယ်။

play

 

ကာလရှည်ကြာအနားယူနေရတဲ့ ငြိမ်းချမ်းအောင်ဟာ ဇွန်လကုန်မှာ ဘောလုံးပြန်ကစားနိုင်မယ်လို့ သိရပါတယ်။

ငြိမ်းချမ်းအောင်ဟာ ဒဏ်ရာကြောင့် တစ်နှစ်ကျော်ကျော် အနားယူနေရသူ ဖြစ်ပြီး ဇွန် ၉ ရက်က ဘန်ကောက်ဆေးရုံမှာ ဆေးစစ်မှုခံယူခဲ့ပါတယ်။ အခြေအနေတိုးတက်ကောင်းမွန်တာကြောင့် ဇွန်လကုန်မှာ ဘောလုံးပြန်ကစားနိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒေါ်မြတ်မြတ်ဦးက ပြောကြားထားတာဖြစ်ကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

 ငြိမ်းချမ်းအောင်ရဲ့ ဒဏ်ရာဟာ အတော်ကို တိုးတက်လာတာဖြစ်ပြီး ဆေးစစ်ချက်အရ ဒီလကုန်မှာ ဘောလုံးပြန်ကစားနိုင်မှာဖြစ်ကာ ကစားတဲ့အနေအထားကို ကြည့်ပြီး နောက်သုံးလကြာရင် ထိုင်းမှာ ပြန်စစ်ဆေးရမယ်လို့လည်း ပြောကြားထားပါတယ်။

ဆူဇူကီးဖလားမှာ ကစားခွင့်ရချင်ပြီး ရန်ကုန်အသင်းအတွက်လည်း အမြန်ဆုံးကစားချင်နေပြီလို့ ရန်ကုန်ယူနိုက်တက်ကစားသမား ငြိမ်းချမ်းအောင်ကလည်း ပြောကြားထားကြောင်း သိရပါတယ်။

Source: 7Day Daily
Photo: Shwe Boat (Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ