Local Sports: ရန်ကုန်နဲ့ ရတနာပုံပွဲအပြီး နှစ်ဖက်ပရိတ်သတ်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့

ခဲတွေနဲ့ အပြန်အလှန် ပစ်ပေါက်မှုတွေရှိခဲ့ပါတယ်။

play

 

ဇွန်လ ၁၂ ရက်နေ့က ကစားခဲ့တဲ့ ရတနာပုံနဲ့ ရန်ကုန်ယူနိုက်တက်တို့ရဲ့ ပွဲအပြီးမှာ နှစ်ဖက်အသင်းပရိတ်သတ်တွေ ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပွဲအပြီးမှာ တစ်ဖက်နဲ့တစ်ဖက် ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး အပြန်အလှန် ကြမ်းတမ်းစွာ ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ 7Day Daily ရဲ့ အားကစားသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နှစ်ဖက်အသင်း တာဝန်ရှိသူတွေ အချိန်မီတားဆီးနိုင်ခဲ့တာကြောင့် ပြဿ     နာကြီးကြီးမားမား မဖြစ်ပွားခဲ့ဘူးလို့ ရန်ကုန်အသင်း စီအီးအို ဦးမင်းဆွေဦးက ပြောထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ရန်ကုန်ယူနိုက်တက်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ ရတနာပုံအသင်းဟာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်အသင်းဟာ ပထမအကျော့ ရတနာပုံအသင်းနဲ့ တွေ့ဆုံစဉ်ကလည်း ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ