Local Sports: ဒဏ်ရာကြောင့် နှစ်ပတ်ကျော်ကြာ အနားယူရမယ့် ရဲကိုဦး

ကွင်းလယ် ဒိုင်က အနီကတ်ပြသင့်တယ်လို့ လာရောက်ကြည့်ရှုသူတစ်ဦးက ပြောထားပါတယ်။

play

 

ရန်ကုန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရဲကိုဦးဟာ နှစ်ပတ်ကျော်ကြာ အနားယူရမယ်လို့ သိရပါတယ်။ သူက ဘောလုံးကိုပဲ အာရုံစိုက်နေတာဖြစ်ပြီး နောက်ကနေ ခြေထောက်ကို ဖြတ်ရိုက်ခံရကြောင်း၊ နှစ်ပတ်လောက်အနားယူရမယ်လို့ ဆရာဝန်က ပြောကြောင်းနဲ့ လက်ရှိဘယ်ဘက် ခြေထောက်က မသက်သာဘူးလို့ ရဲကိုဦးက ပြောထားကြောင်း သိရပါတယ်။

အဆိုပါပွဲစဉ်မှာ ဘောလုံးဆွဲပြေးလာတဲ့ ရဲကိုဦးကို ရန်ကုန်ကစားသမားကြည်လင်းက နောက်ကနေ ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တာဖြစ်ပြီး အဆိုပါဖျက်ထုတ်မှုနဲ့ ပက်သက်လို့ ကြည်လင်းပေါ် ဝေဖန်မှုတွေရှိနေပြီး လူမှုကွန်ယက်ပေါ်မှာလည်း ပြောဆိုမှုတွ ရှိခဲ့ပါတယ်။

ကြည်လင်းရဲ့ လုပ်ရပ်က လုံးဝ လက်ခံနိုင်စရာမရှိကြောင်း ဘယ်လိုမှ မနိုင်တော့တာကို သိလျက်နဲ့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ကြောင်းနဲ့ ကွင်းလယ် ဒိုင်ကလည်း အနီကတ်ပြသင့်တယ်လို့ လာရောက်ကြည့်ရှုသူတစ်ဦးက ပြောကြားထားကြောင်း 7Day Daily သတင်းတစ်ရပ်မှာလည်း ဖော်ပြထားပါတယ်။

Source: 7Day Daily
Photos :  Yadanarbon FC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ