Local Sports: ရဲကိုဦးကို ကြည်လင်း ပြန်လည် တောင်းပန်

, updated

ရဲကိုဦးကို တောင်းပန်ဖို့ ပွဲပြီးတဲ့ ညမှာ ဖုန်းဆက်တယ်။ သူ့ဖုန်းက စက် ပိတ်ထားတယ်။

play

 

ရတနာပုံနဲ့ ရန်ကုန်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့မှုနဲ့ ပတ်သက်ပြီး  ကြည်လင်းက ရဲကိုဦးကို ပြန်လည်တောင်းပန်ထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

"ရဲကိုဦးကို တမင်ရည်ရွယ် ပြီး လုပ်လိုက်တာ မဟုတ်ဘူး။ ဂိုးမပေးရဖို့ပဲ ဦးတည်ဖျက်ထုတ် လိုက်တာ။ ကျွန်တော်က ရန်ကုန် အသင်း အင်္ကျီကို ၀တ်ထားတယ်။ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်က ဆုကြေးစား ဘောလုံးသမားပဲ။ အသင်းက လစာပေးထားတယ်။ အသင်းအတွက် ပေးဆပ်ရမယ်ဆိုတဲ့စိတ်ပဲ ရှိတယ်။ သူ (ရဲကိုဦး)လည်း သူ့ အသင်း အနိုင်ရဖို့ ကစားမယ်။ ကျွန်တော်လည်း ရန်ကုန်အသင်း အနိုင်ရဖို့ ကစားတာပဲ။ မလုပ်သင့်ဘူးဆိုတာလည်း သိတယ်။ ကျွန်တော် မှားတယ်။ အဲဒီအတွက် တောင်းပန်ပါတယ်။ ရဲကိုဦးကို တောင်းပန်ဖို့ ပွဲပြီးတဲ့ ညမှာ ဖုန်းဆက်တယ်။ သူ့ဖုန်းက စက်ပိတ်ထားတယ်။ ခေါ်လို့မရဘူး။ ရတနာပုံ  ကစားဖော်တွေကနေတစ်ဆင့် တောင်းပန်ထားပါတယ်"  လို့ ပြောကြားထားပါတယ်။

play

 

 မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အဆိုပါဖျက်ထုတ်မှုအတွက်  ကြည်လင်းကို ငွေကျပ်နှစ်သိန်းနဲ့ နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily, (YUFC)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ