Local Sports: ရန်ကုန်-ရတနာပုံပွဲက ကွင်းလယ်ဒိုင်ကို ပြစ်ဒဏ်ချမှတ်

ဘောလုံးဥပဒေကို တိကျစွာ လိုက်နာဖို့ ဦးဝင်းထွဋ်ကို သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

play

 

ရန်ကုန်-ရတနာပုံပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီး ဦးဝင်းထွဋ်ကို ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ကွင်းလယ်ဒိုင်လူကြီး ဦးဝင်းထွဋ်ကို မြန်မာလိဂ် ပွဲစဉ်နှစ်ပွဲနဲ့ ဇွန်လ ၂၂ ရက်မှာ ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပွဲစဉ်တွေမှာပါ  တာဝန်ထမ်းဆောင်ခြင်းမပြုဖို့  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီက ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။  ရဲကိုဦးကို ဖြတ်ထုတ်ခဲ့တဲ့ ကြည်လင်းရဲ့ အပြုအမူဟာ ဘောလုံးဥပဒေအရ အနီကတ်ပြသင့်သော်လည်း ဦးဝင်းထွဋ်ဟာ အဝါကတ်သာ ပြခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းပွဲစဉ်တွေမှာ ဘောလုံးဥပဒေကို တိကျစွာ လိုက်နာဖို့ ဦးဝင်းထွဋ်ကို သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါဖျက်ထုတ်မှုမှ ရခဲ့တဲ့ ဒဏ်ရာကြောင့်  ရဲကိုဦးဟာ နှစ်ပတ်ကျော်ကြာ အနားယူရဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ