play

 

 မြန်မာ့ လက်ရွေးစင်အသင်းဟာ ကစားသမားနှစ်ဦးကို ထပ်မံခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

ဆူဇူကီးဖလားအတွက် ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းဟာ ဂိုးသမား မျိုးမင်းလတ်နဲ့ နောက်ခံလူဇော်လင်းတို့ကို ထပ်မံအားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ လက်ရွေးစင်အသင်းဟာ ပဏာမကစားသမား ၂၇ ဦးနဲ့ လေ့ကျင့်နေတာ ဖြစ်ပြီး  ဇွန်လ ၁၉ ရက်နေ့က ရှမ်းယူနိုက်တက်အသင်းမှ အဆိုပါကစားသမားနှစ်ဦးကို ထပ်မံခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

  ပြည်တွင်းလိဂ်ပွဲတွေကြောင့် မြန်မာအသင်းဟာ လေ့ကျင့်မှုတွေကို ရပ်နားထားပြီး   တစ်ပတ် တစ်ရက်နှုန်း  ပုံမှန်လေ့ကျင့်မှုတွေကို ဇွန် ၂၁ ရက်က  စတင်ပြုလုပ်မယ်လို့ သိရပါတယ်။

Source: 7Day Daily
Photos : MFFG

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video