Local Sports: ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်ဖြစ်လာတဲ့ လက်ရွေးစင်ဟောင်း မျိုးမင်းထွန်း

, updated

ဧရာဝတီယူနိုက်တက်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်မှာ နည်းပြချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်မှာပါ။

play

 

မြန်မာနေရှင်နယ်လိဂ် အသင်းတစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းက အသင်းရဲ့ကစားသမားဟောင်း ဦးမျိုးမင်းထွန်းကို နည်းပြချုပ်အဖြစ် တရားဝင်ခန့်အပ်လိုက်ပြီလို့ သိရပြီး လာမယ့် ဇွန်လ ၂၆ ရက်နေ့ ဧရာဝတီယူနိုက်တက် အသင်းနဲ့ ကစားရမယ့် ပွဲစဉ်မှာ နည်းပြချုပ်အဖြစ် တာဝန်စယူမှာ ဖြစ်ပါတယ်။

မက်ဆီဒိုးနီးယားလူမျိုး အသင်းနည်းပြချုပ် မာယန် ဆူခိုလော့စကီးနဲ့ ဇွန်လ ၂၁ ရက်နေ့မှာ နှစ်ဦးသဘောတူ တရားဝင် လမ်းခွဲပြီး နောက်ပိုင်းမှာ အသင်းရဲ့ကစားသမားဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးမျိုးမင်းထွန်းကို အခုလိုခန့်အပ်ခဲ့တာပါ။

"အသင်းရဲ့ဘုတ်အဖွဲ့က ကျွန်တော့်ကို ယုံယုံကြည်ကြည် တာဝန်ပေးအပ်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ လက်ရှိနည်းပြအဖွဲ့တွေနဲ့ အတူ တိုင်ပင်ဆွေးနွေးပြီး လက်တွဲ လုပ်ဆောင်သွားမှာပါ။ အသင်းကို အကောင်းဆုံး ပုံစံရအောင် ပြန်လည် တည်ဆောက်သွားပါ့မယ်"လို့ ဦးမျိုးမင်းထွန်းက ပြောကြားခဲ့ပါတယ်။

ဦးမျိုးမင်းထွန်းက မြန်မာနေရှင်နယ်လိဂ် စတင်ကျင်းပတဲ့အချိန်ကတည်းက ရန်ကုန်ယူနိုက်တက် အသင်းမှာ ပါဝင်ကစားခဲ့ပြီး ၂၀၁၃ ခုနှစ် ဘောလုံးရာသီ အပြီးမှာ ကစားသမားဘ၀ကနေ အနားယူပြီး နည်းပြလောကကို စတင်ဝင်ရောက်ခဲ့တာပါ။

Source & Photo : ygnutd

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ