AD
AD
AD
play
ရဲထွန်းနောင် ပြိုင်ပွဲဝင်စဉ်

 

၁၃ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာက ရွှေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ်သုံးခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲကို ဇွန်လ ၂၁ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့ပြီး အမျိုးသားဝိတ်တန်းပြိုင်ပွဲ ၁၀ ခုနဲ့ အမျိုးသမီးပွဲ ၄ ခု ပါဝင်ပါတယ်။ မြန်မာနိုင်ငံက အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးသုံးဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ဆုတံဆိပ်လေးခု ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ရွှေတံဆိပ်ဆုကိုတော့ အမျိုးသားကာယဗလမောင်ပြိုင်ပွဲ ၇၀ ကီလိုတန်းမှာ ရဲထွန်းနောင်က ရရှိခဲ့တာပါ။ ကြေးတံဆိပ်တွေကိုတော့ အမျိုးသားကာယဗလမောင်ပြိုင်ပွဲ ၆၅ ကီလိုတန်းမှာ လမင်းတာရာ၊ အမျိုးသမီးကာယကြံ့ခိုင်မှု (Model Physique) ၁၆၅ စင်တီမီတာအထက်ပြိုင်ပွဲမှာ ထားဦးဝေ၊ အမျိုးသမီးကာယကြံ့ခိုင်မှု (Model Physique) ၁၆၅ စင်တီမီတာအောက် ပြိုင်ပွဲမှာ ပိုးအိဖြူတို့က ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

မြန်မာအားကစားအဖွဲ့ဟာ ပြိုင်ပွဲအပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှု တတိယနေရာ၌ ရပ်တည်နိုင်ခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။

Source : 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD