Local Sports: ဟံသာဝတီအသင်းဝန်ထမ်းတစ်ဦး ဘောလုံးကွင်းမှာ မြွေကိုက်ခံရ

 မိုများပြီး ရေကြီးတာကြောင့် ရေနဲ့အတူပါလာတာ ဖြစ်နိုင်ပါတယ်။

play

 

ဟံသာဝတီယူနိုက်တက်အသင်းဟာ လေ့ကျင့်မှုပြုလုပ်နေတုန်း အသင်းရဲ့ ဝန်ထမ်းတစ်ဦး အဆိပ်ပြင်းမြွေကိုက်ခံရတာကြောင့် ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။

7Day Daily ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပိုင် သုဝဏ္ဏကွင်းအနီးက မြက်ခင်းတုကွင်းမှာ လေ့ကျင့်နေတုန်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အသင်းက ရုံးဝန်ထမ်းတစ်ဦးကို ကိုက်ခဲ့တာဖြစ်ပြီး ကိုက်တဲ့ မြွေဟာ ငန်းတော်ကြား ဖြစ်တယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားထား ပါတယ်။ မြက်ခင်းတုကွင်းနှစ်ခုကြားက ပြေးလမ်းမှာ ကိုက်ခံရတာဖြစ်ပြီး သင်္ဃန်းကျွန်းဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

 မိုများပြီး ရေကြီးတာကြောင့် ရေနဲ့အတူပါလာတာ ဖြစ်နိုင်တယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။ 

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ