Local Sports: ထိုင်းအမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲမှာ မြန်မာအနိုင်ရ

တစ်ဂိုးပေးရပြီးနောက်ပိုင်း တိုက်စစ်မြှင့်တင်ကစားခဲ့ပေမဲ့ မြန်မာနောက်တန်းနဲ့ ဂိုးသမားတို့က ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဇူလိုင် ၉ ရက်က ကစားခဲ့တဲ့ မြန်မာအမျိုးသမီးနဲ့ ထိုင်းအသင်းတို့ရဲ့ ခြေစမ်းပွဲမှာ မြန်မာအသင်းက ၁-၀ နဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

 မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာအသင်းဟာ ရီရီဦး ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအသင်းဟာ တစ်ဂိုးပေးရပြီးနောက်ပိုင်း တိုက်စစ်မြှင့်တင်ကစားခဲ့ပေမဲ့ မြန်မာနောက်တန်းနဲ့ ဂိုးသမားတို့က ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခုပွဲ အနိုင်ရရှိမှုဟာ နယ်သာလန်နိုင်ငံသား နည်းပြချုပ်ရော်ဂျာရဲ့ လက်ထက်မှာ ပထမဆုံးနိုင်ငံတကာနိုင်ပွဲ ဖြစ်ပါတယ်။

play

 

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်  မြန်မာနိုင်ငံက လက်ခံကျင်းပဖို့ ရှိနေပြီ်း မြန်မာအသင်းဟာ အုပ်စု(ခ)မှာ သြစတြေးလျ ယူ -၂၀၊ မလေးရှား၊ တီမောအသင်း တို့နဲ့ တစ်အုပ်စုတည်းကျရောက် နေပါတယ်။

Source: 7Day Daily
Photos : Khin Maung Soe Notwo, MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ