play

 

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားပြိုင်ပွဲ ကွာတားအဆင့်မှာ ရန်ကုန်နဲ့ ရတနာပုံအသင်းတို့ဟာ အနိုင်ရရှိခဲ့ကြပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်အသင်းဟာ ဟံသာဝတီအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲတက်ရောက်သွားတာ ဖြစ်ပါတယ်။ ရတနာပုံအသင်းဟာ  ၀င်းနိုင်စိုးရဲ့ ဟက်ထရစ်ဂိုးတွေနဲ့ လိဂ်-၂ ကလပ် မြ၀တီအသင်းကို  အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်ရဲ့ လက်ကျန်ပွဲစဉ်တွေကို  ဇူလိုင် ၂၀ ရက်မှာ ဆက်လက်ကျင်းပမှာ ဖြစ်ပြီး  အောင်ဆန်းကွင်းမှာ  ရှမ်းနဲ့မကွေး၊ သုဝဏ္ဏကွင်းမှာ ရခိုင်နဲ့ ဇွဲကပင်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အကြိုဗိုလ်လုပွဲအဆင့်မှာ ရှူံးထွက်အဖြစ် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်နဲ့ ကျင်းပမှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video