play

 

လာမယ့်သြဂုတ်လ ၂၁ ရက်နေ့မှာ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံ လေလုံကားကစားရုံမှာ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ပထမအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံလုပွဲ ၅၄ ကီလိုတန်းမှာ ရွှေခါးပတ်ချန်ပီယံရဲသွေးနီနဲ့ ကာဇက်စတန်လက်ဝှေ့သမား အယ်လ်ဂိုရှော့ဗ်အာဇာမက်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့သိရပါတယ်။

ရဲသွေးနီက ၂၀၁၆ ရွေခါးပတ်ချိန်ပီယံပြိုင်ပွဲ ၅၄ကီလိုတန်းမှာ ရွှေခါးပတ်ချန်ပီယံဖြစ်ပြီး ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ၅၄ကီလိုတန်းမှာ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။  အယ်လ်ဂိုရှော့ဗ်အာဇာမက်(ကာဇက်စတန်)က အရပ် ၅ပေ၊ ၇လက်မ ၊ အသက်(၂၄)နှစ်ဖြစ်ပြီး ကာဇက်စတန်နိုင်ငံလုံးဆိုင်ရာ မြန်မာ့လက်ဝှေ့ချန်ပီယံနဲ့ ဥရောပအာရှ- မြန်မာ့ လက်ဝှေ့ချန်ပီယံဖြစ်ကာ စုစုပေါင်း ၁၇ပွဲထိုးသတ်ထားပြီး ၁၂ ပွဲနိုင် ၊ ငါးပွဲ ရှုံးနိမ့်ထားတယ်လို့ ဆိုပါတယ်။

play

 

မြန်မာ့လက်ဝှေ့ မျိုးဆက်သစ်လက်ဝှေ့ကစားသမား ရဲသွေနီအနေနဲ့ အသက်(၁၉)နှစ်၊ အရပ် ၅ပေ ၄လက်မရှိပြီး ပြိုင်ပွဲပေါင်း ၆၉ပွဲ ထိုးသတ်ခဲ့ရာမှာ ၃၇ပွဲနိုင်၊ ၃၀ပွဲ သရေနဲ့နှစ်ပွဲ  ရှုံးနိမ့်ထားပြီး ၂၀၁၅၊ ၂၀၁၆ ရွှေခါးပတ်နှစ်ကြိမ် ရရှိထားသူလည်းဖြစ်ပါတယ်။

Source & Photos : Standard Time Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video