Local Sports: ဘရာဇီးအိုလံပစ်မှာ မြန်မာကစားသမား ခုနှစ်ဦး ယှဉ်ပြိုင်

, updated

 မြန်မာနိုင်ငံဟာ အိုလံပစ်ပွဲတော်တွေကို ၁၉၄၈ မှ ၂၀၁၂ လန်ဒန် အိုလံပစ်အထိ (၁၆) ကြိမ် ၀င်ပြိုင်ခဲ့ဖူးပါတယ်။

play

 

ဘရာဇီးအိုလံပစ်ပွဲတော်မှာ  မြန်မာနိုင်ငံက ကစားသမား ခုနစ်ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။ ရီယိုဒီဂျနေးရိုးမြို့မှာ ကျင်းပနေတဲ့ ၂၀၁၆ နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ  မြန်မာနိုင်ငံက အားကစားနည်း ငါးမျိုးနဲ့ ကစားသမား ခုနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

သနတ်ပစ်၊ရေကူး၊ ပြေးခုန်ပစ်၊ ဂျူဒိုနဲ့ မြားပစ်အားကစားနည်းတွေဖြစ်ပြီး  သေနတ်ပစ်မှာ ရဲထွန်းနောင်၊ ရေကူးမှာ သင့်မြတ်နဲ့ အိအိသက်၊ ပြေးခုန်ပစ်မီတာ ၁၀,၀၀၀ မှာ ဆန်းနိုင်၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲမှာ ဆွေလီမြင့်၊ ဂျူဒိုမှာ ရန်နိုင်စိုးနဲ့ မြားပစ်မှာ စန်းယုထွေးတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံဟာ အိုလံပစ်ပွဲတော်တွေကို ၁၉၄၈ မှ ၂၀၁၂ လန်ဒန် အိုလံပစ်အထိ (၁၆) ကြိမ် ၀င်ပြိုင်ခဲ့ဖူးပြီး  ၁၉၇၂ မြူးနစ် အိုလံပစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသား ဘောလုံးအသင်းက အသန့်ရှင်းဆုံး ဆုရရှိခဲ့ပါတယ်။

၂၀၁၆ ဘရာဇီး ရီယိုအိုလံပစ်ပြိုင် ပွဲမှာ နိုင်ငံပေါင်း ၂၀၇ နိုင်ငံမှ အားကစားသမားပေါင်း တစ်သောင်းကျော် ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

Source: 7Day Daily
Photos : AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ