Local Sports: ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွေအတွက် ကမ္ဘောဇဘဏ်က ကျပ်သိန်း ၄၀၀၀ ပံ့ပိုး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဒေါ်လာခြောက်သန်းလောက်သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

play

 

မြန်မာ ယူ- ၁၉ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွေနဲ့ ယူ-၂၂ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွေအတွက် ကမ္ဘောဇဘဏ်က ကျပ်သိန်း ၄၀၀၀ ပံ့ပိုးကူညီ သွားမယ်လို့ ကမ္ဘောဇဘဏ် မန်နေးဂျင်းဒါရိုက်တာ ဦးမိုးဆန်းအောင်က ပြောပါတယ်။

လာမယ့် သြဂုတ် ၂၂ ရက်ကနေ ၂၈ ရက်အထိ မန္တလေးမြို့မှာကျင်းပမယ့် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲနဲ့ မလေးရှားဆီးဂိမ်းအကြို ပြင်ဆင်မှုအဖြစ် လက်ခံကျင်းပမယ့် ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွေအတွက် ထောက်ပံ့ခဲ့တာလို့ သိရပါတယ်။

play

 

“ယူ-၁၉ ပွဲအတွက် ကျပ်သိန်း ၁၀၀၀၊ ယူ-၂၂ အတွက် ကျပ်သိန်း ၃၀၀၀ စုစုပေါင်း သိန်း ၄၀၀၀ ကူညီပံ့ပိုးသွားမှာပါ။ ဘောလုံးလောက တိုးတက်စေချင်သလို ကျနော်တို့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကလည်း ဘောလုံးအဖွဲ့ချုပ် နာယကဖြစ်တဲ့အတွက် တာဝန်တစ်ခုအနေနဲ့ ကူညီပံ့ပိုးတာလည်း ပါပါတယ်”လို့ ဦးမိုးဆန်းအောင်က ပြောပါတယ်။

ဒီပြိုင်ပွဲတွေအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စပွန်ဆာကုမ္ပဏီတွေကနေ အမေရိကန်ဒေါ်လာ လေးသန်းလောက် ရထားပေမဲ့ ပြိုင်ပွဲလေ့ကျင့်စရိတ်တွေရှိလို့ အမေရိကန်ဒေါ်လာသုံးသန်းလောက် စိုက်ထုတ်သုံးစွဲရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဖုန်းနိုင်ဇော်က ပြောပါတယ်။

Source : DVB

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ