Local Sports: ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲမှာ မြန်မာက ခြောက်ပွဲနိုင်

မြန်မာလက်ဝှေ့ သမားတွေက ခြောက်ပွဲနိုင်၊ တစ်ပွဲရှုံးခဲ့ပါတယ်။

play

 

ရန်ကုန်မြို့မှာ ကျင်းပတဲ့ ပထမအကြိမ် မြန်မာလက်ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲမှာ မြန်မာနိုင်ငံက လက်ဝှေ့သမားခြောက်ဦး အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

 သြဂုတ် ၂၁ ရက်က ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏမှာ ကျင်းပခဲ့တဲ့ အဆိုပါပြိုင်ပွဲမှာ တွဲဆိုင်းရှစ်ခု ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။ တူးတူးနဲ့ ကနေဒါ  လက်ဝှေ့သမား ဒေ့ပ်လက်ဒပ် ဟာတို့ ပွဲစဉ်တစ်ပွဲသာ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး မြန်မာလက်ဝှေ့ သမားတွေက ခြောက်ပွဲနိုင်၊ တစ်ပွဲရှုံးခဲ့ပါတယ်။

play

 

 မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနဲ့ မွေထိုင်းချန်ပီယံ ချူထိုင်းတို့ ယှဉ်ပြိုင်ရာမှာ ပထမအချီမှာပဲ ထွန်းထွန်းမင်းက ခေါင်းတိုက်ချက်နဲ့ အလဲထိုးအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၇၆ ကီလိုတန်းမှာ ဒေ့ပ်လက်ဒပ်ဟာက တူးတူးကို အသာစီးက ဖိထိုးနိုင်ပေမဲ့ အလဲမထိုင်းနိုင်တာကြောင့် ဒိုင်တွေက သရေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဖျံသွေး၊ သားအသည်းတစ်ပွင့်၊ ထွန်းလွင်မိုး၊ ရဲသွေးနီ တို့လည်း အနိုင်ရရှိခဲ့ကြပေမဲ့ ၅၄ ကီလိုတန်းမှာထိုးသတ်တဲ့ စွမ်းထက်နိုင်ကတော့ လာအိုလက်ဝှေ့သမား စူပါဘောကို လက်ရည်တူ ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ဒုတိယအချီမှာ အလဲထိုးနဲ့ အရှူံးပေးခဲ့ရပါတယ်။

Source: 7Day Daily
Photos: Saw Shen Sone

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ