Local Sports: ကြည်လင်းပါဝင်လာခြင်းမရှိတဲ့ ဥရောပ ခြေစမ်းခရီးစဉ်

နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆိုက်ပရစ်တို့က ကလပ်အသင်းတွေနဲ့  ခြေစမ်းပွဲကစားမှာ ဖြစ်ပါတယ်။

play

 

ဥရောပ ခြေစမ်းခရီးစဉ်သွားမယ့် မြန်မာ့လက်ရွေးစင် လူစာရင်းကို ထုတ်ပြန်လိုက်ပြီး ဝါရင့်ကစားသမား ကြည်လင်း ပါဝင်လာခြင်းမရှိဘူးလို့ သိရပါတယ်။ ကစားသမား ၂၅ ဦးနဲ့ အဆိုပါ ခြေစမ်းခရီးစဉ်ကို သွားမှာဖြစ်ပြီး ပေါင်ခြံဒဏ်ရာရရှိထားတဲ့ ဝါရင့်ကစားသမား ကြည်လင်း၊ နောက်ခံကစားသမား ဖြိုးပိုင်စိုးနဲ့ တောင်ပံကစားသမား သန်းဇော်ဟိန်းတို့ ပါဝင်လာခြင်းမရှိပါဘူး။

တစ်လကျော်ကြာမယ့် ဥရောပလေ့ကျင့်ရေးခရီးစဉ်ကို စက်တင်ဘာ ၁၀ ရက်မှာ စတင်မှာဖြစ်ပြီး ဂျာမနီနိုင်ငံ ဒွိုက်ဘက်မြို့ Sportschule wedau လေ့ကျင့်ရေးစင်တာမှာ နေထိုင်ကာ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆိုက်ပရစ်တို့က ကလပ်အသင်းတွေနဲ့  ခြေစမ်းပွဲကစားမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် လူစာရင်း

ဂိုး - ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးအောင်၊ ရန်အောင်လင်း

နောက်တန်း - ဒေးဗစ်ထန်း၊ ကျော်ဇင်လွင်၊ နန္ဒကျော်၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ ဇော်လင်း၊ ဟိန်းသီဟဇော်၊ ဖြိုးကိုကိုသိန်း၊ မျိုးကိုထွန်း

အလယ်တန်း - လှိုင်းဘိုဘို၊ ရန်အောင်ကျော်၊ ရဲကိုဦး၊ ဇင်ဖြိုးအောင်၊ သီဟဇော်၊ အောင်သူ၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ဆက်ဖြိုးဝေ

ရှေ့တန်း - ကျော်ကိုကို၊ သန်းပိုင်၊ ဆော်လမန်၊ ဝင်းနိုင်စိုး

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ