Local Sports: ရန်ကုန်မှာ ကျင်းပမယ့် မြန်မာ-ပီရူး လက်ဝှေ့စိန်ခေါ်ပွဲ

ပီရူးနိုင်ငံသား Matteo Celi ဟာ အသက် (၂၇)နှစ်အရွယ်ရှိပြီး ၄၇ ပွဲ ယှဉ်ပြိုင်ရာမှာ  ၃၇ ပွဲနိုင်ထားသူ ဖြစ်ပါတယ်။

play

 

မြန်မာ-ပီရူးလက်ဝှေ့စိန်ခေါ်ပွဲကို နိုဝင်ဘာ ၂၇ ရက်မှာ ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံမှာ ကျင်းပမယ်လို့ သိရပါတယ်။ တွဲဆိုင်းတွေအဖြစ် တူးတူးနဲ့ ပီရူးနိုင်ငံသား မွေထိုင်းလက်ဝှေ့ချန်ပီယံ Matteo Celi၊ သွေးသစ်ဝင်း လှိုင်နဲ့ ဖိုးလပြည့်၊ မိုက်ရိုင်းနဲ့ ထွန်းလွင်မိုး၊ သားကျော်ဖြောင့်နဲ့ ဟံသာဝတီ၊ စောထူးအောင်နဲ့ ကျားဗဟိန်း၊ ဒေါင်းဖြူနဲ့ ကျော်ဝင်းအောင်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပမှာ ဖြစ်ပြီး ငါးချီ၊ လေးချီနဲ့ သုံးချီစိန်ခေါ်ပွဲတွေ ဖြစ်ပါတယ်။ 

တူးတူးနဲ့ ယှဉ်ပြိုင်မယ့် ပီရူးနိုင်ငံသား Matteo Celi ဟာ အသက် (၂၇)နှစ်အရွယ်ရှိပြီး ၄၇ ပွဲ ယှဉ်ပြိုင်ရာမှာ  ၃၇ ပွဲနိုင်၊ ၁၀ ပွဲရှုံး ထားသူဖြစ်ပါတယ်။ မွေထိုင်းချန်ပီယံ ငါးကြိမ်ဖြစ်ထားပြီ့း် တောင်အမေရိက လက်ဝှေ့ချန်ပီယံဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ